probux အကြောင်း
"အစားကောင်းစားရတဲ့အခါ မိတ်ဆွေကို သတိရခြင်းဟာ မင်္ဂလာတစ်ပါးပါ "
ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။
ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက ဆန္ဒပြုလိုက်ပါတယ်ဗျာ ။
ဒီစာအုပ်မှာတော့ ကြော်ငြာရာခိုင်နှုန်းအပေးများ၊ လွယ်ကူရိုးရှင်း ၊ ယုံကြည်စိတ်ချရတဲ့ Probux အကြောင်းကို အဓိကရှင်းပြပေးသွားပါမယ် ။ PTC အလုပ်အကြောင်းကိုတော့ အသေးစိတ် မပြောတော့ပါဘူး ။ ကြော်ငြာကလစ်ရင်း ဝင်ငွေရတဲ့ PTC အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ပထမစာအုပ် ၊ အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း-၁ ကို အရင်ဖတ်လိုက်ပါ ။ OK! probuxနှင့် ငွေရှာနည်း အကြောင်းကို စလိုက်ရအောင် ။

Account သစ်ပြုလုပ်နည်း
မန်ဘာဝင်ရန်ဒီကိုနှိပ်ပါ
(ပုံ-၁) ပုံထဲကအတိုင်း probux ရဲ့ homepage ကိုရောက်သွားပါလိမ့်မယ် ။ မန်ဘာဝင်ရန်အတွက် Register ဆိုတဲ့ သော့ခလောက်ပုံလေးကို နှိပ်လိုက်ပါ ။

(ပုံ-၂)
Account သစ်ပြုလုပ်ဖို့ formကို တွေ့ရပါလိမ့်မယ် ။
လိုအပ်တဲ့အချက်အလက်များကို ထည့်သွင်းလိုက်ပါ ။ Referrer ဆိုတဲ့နေရာဟာ
ခင်ဗျားရဲ့အထက်လိုင်း (သို့မဟုတ်) ဒီအလုပ်ကို လမ်းညွှန်ပေးတဲ့သူရဲ့
အမည်ကိုတွေ့ရပါလိမ့်မယ် ။ ကျွန်တော့်ရဲ့လင့်ခ်ကသွားရင်တော့ ကျွန်တော့်
အမည်ကိုတွေ့မှာပါ ။ တခြားဘာမှတော့ မဟုတ်ပါဘူး ။ မလန့်ပါနဲ့ :)
အဲဒီနောက်မှာတော့ probux မှ ခင်ဗျားရဲ့ အီးမေးလိပ်စာအတိုင်း mailတစ်ခုကို ပို့ထားပါလိမ့်မည် ။ အီးမေးကိုဖွင့်ပြီး probuxမှပို့ထားတဲ့ confirmation link ကိုနှိပ်လိုက်တာနှင့် probuxရဲ့ မန်ဘာတစ်ယောက်ဖြစ်သွားပါပြီ ။ Memberဖြစ်သွားပြီဆိုတော့ ထုံးစံအတိုင်း Login မှာ username , password ရိုက်ထည့်ပြီးဝင်လိုက်ပါ ။ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော ခင်ဗျားတို့ရဲ့ Account page ကိုရောက်သွားပါပြီ ။ :) ကြော်ငြာများကို စတင်ကလစ်ပါမယ် ။

View Ads (ကြော်ငြာကလစ်ခြင်း)

(ပုံ-၅) New tab window တစ်ခုပွင့်လာပါလိမ့်မယ် ။ အချိန်ပြည့်အောင်ခဏစောင့်လိုက်ပါ ။

(ပုံ-၆)
ပုံထဲကလို စာတန်းလေးပေါ်လာရင် ပိတ်နိုင်ပါပြီ ။ တခြားဆိုဒ်တွေလို ပုံတွေကို
ကလစ်ဖို့ မလိုတော့ပါဘူး ။ စာတန်းပေါ်လာတာနှင့် ခင်ဗျား Account Balance
ထဲကို ပိုက်ဆံ ရောက်သွားပါပြီ ။ ဒီနည်းအတိုင်း ပေးထားတဲ့ ကြော်ငြာတွေကို
ကုန်အောင်ကလစ်လိုက်ပါ ။ သေချာအောင် Refreshလုပ်ကြည့်ပါ ။ အိုကေ …
ကြော်ငြာအားလုံးကလစ်ပြီးပြီဆိုရင် ကံစမ်းကြော်ငြာထပ်ကြည့် နိုင်ပါတယ် ။
ProGrid (ကံစမ်းကြော်ငြာကြည့်ခြင်း)

(ပုံ-၇) ကံစမ်းကြော်ငြာများကို ProGrid တွင်ကြည့်နိုင်ပါတယ် ။ ProGrid ကိုနှိပ်လိုက်ပါ ။

(ပုံ-၈) Grid lineများနှင့် ဓာတ်ပုံပေါ်တွင် နှစ်သက်ရာအကွက်ကို နှိပ်ပြီးကြည့်လိုက်ပါ ။

(ပုံ-၉)
New tab window တစ်ခုပေါ်လာပါမယ် ။ အချိန်ပြည့်အောင်စောင့်ပြီးရင်
ပိတ်နိုင်ပါပြီ ။ Probuxတွင် တစ်နေ့ အကြိမ်၂၀ ကံစမ်းကြော်ငြာကြည့်နိုင်ပြီး
5$ ထိကံထူးနိုင်ပါတယ် ။
ဒါဆိုရင် တစ်နေ့တာအလုပ်ပြီးသွားပါပြီ ။ အချိန်ရမယ်ဆိုရင် တခြားအခွင့်အလမ်းတွေဖြစ်တဲ့ Tasks နှင့် Offers မှာလည်း ငွေရှာနိုင်ပါတယ် ။ Tasksကတော့ သူတို့ပေးထားတဲ့ instructionအတိုင်း လုပ်ပေးနိုင်ရင် ငွေရပါတယ် ။ ဒါပေမယ့် unavailabelဖြစ်တာများတယ် ။ Offers ကတော့ နည်းနည်းပိုလွယ်ပါတယ် ။

Tasks & Offers

(ပုံ-၉က) Offersကြည့်ချင်ရင်တော့ pageအပေါ်ဘက်က Offersကိုနှိပ်လိုက်ပါ ။

(ပုံ-၉ခ) Offersအတွက် company ၃ခုကိုတွေ့ပါလိမ့်မယ် ။ တစ်ခုကိုကလစ်လိုက်ပါ ။ အလွယ်ဆုံးနှင့် အကောင်းဆုံးကတော့ Freeပါပဲ
J ။ အဲဒီမှာ download / sing up / install / facebook like စတဲ့ offers
တွေနှင့် လုပ်အားခတွေကို တွေ့ရပါလိမ့်မယ် ။
သူတို့ပြောတဲ့အတိုင်းလုပ်ပေးရပါမယ် ။ video မှာလည်း ကြော်ငြာတိုလေးတွေ ကြည့်ပြီးငွေရှာနိုင်ပါတယ် ။ Survey
ကတော့ Research မေးခွန်း တွေကိုဖြေပေးရတာပါ ။ အချိန်ကတော့
၁၅မိနစ်ပေးထားပါတယ် ။ completeဖြစ်ဖို့တော့ မလွယ်ဘူးဗျ ။ ကျွန်တော်
၁၀ခါဖြေရင် ၁ခါလောက်ပဲ completeဖြစ်တယ် ။ ခင်ဗျားတို့ စိတ်ဝင်စားရင်
စမ်းကြည့်ပေါ့ ။ Surveys သက်သက်ဖြေရင်း ငွေရှာတဲ့ဆိုဒ်တွေလည်း ရှိပါတယ် ။
Probux တွင် Offers sponsor company များမှာ လုပ်အားခကို Procoins
ဖြင့်ပေးပါတယ် ။ ဒါပေမယ့် companyရဲ့ pendingကို တလစောင့်ရပါတယ် ။
ဒီလအတွက်ကို နောက်လမှရှင်းတဲ့သဘောပါပဲ ။ Procoins နှင့် cash လဲနှုန်းကတော့
အောက်ပါအတိုင်းပါပဲ ။
- 5,000 ProCoins = $5 ($1 per 1000)
- 10,000 ProCoins = $11 ($1.1 per 1000)
- 20,000 ProCoins = $24 ($1.2 per 1000)
- 30,000 ProCoins = $39 ($1.3 per 1000
- 40,000 ProCoins = $56 ($1.4 per 1000)
- 60,000 ProCoins = $90 ($1.5 per 1000)
- 80,000 ProCoins = $128 ($1.6 per 1000)
- 100,000 ProCoins = $170 ($1.7 per 1000)
အနည်းဆုံး 5000coins
ဆိုရင်လဲနိုင်ပါပြီ ။ များများစုထားလေ ရာခိုင်နှုန်းများလေပါပဲ ။ အိုကေ ..
probuxမှာ ၇ရက်-၁၀ရက်လောက်နှိပ်ပြီးရင် Referralsတွေကို စတင်ဝယ်နိုင်ပါပြီ ။
Rental balance ပြောင်းခြင်း

My Account page တွင်တွေ့ရသော Rental balance ဘေးမှ Add funds ကိုနှိပ်လိုက်ပါ

(ပုံ-၁၁) payment method ကို probux main balance ကိုရွေးလိုက်ပါ ။ ခင်ဗျားတို့ကြော်ငြာကလစ် ထားတဲ့ငွေတွေပါ ။

(ပုံ-၁၂) အဲဒီနောက် ခင်ဗျားလဲလှယ်မယ့်ပမာဏကို ရွေးလိုက်ပါ ။ ရွေးပြီးရင်တော့ ADD FUNDS ကိုနှိပ်လိုက်ပါ ။

(ပုံ-၁၃) ဒါဆိုရင်တော့ လဲပြီးသွားပါပြီ ။ Referralဝယ်ရန် My Account page ကိုသွားလိုက်ပါ ။
Neobux.com
(ပုံ-၁၄) Referralsဝယ်ရန် My Account page တွင်ရှိသော Rent Referrals ပုံကိုနှိပ်ရပါမယ် ။

(ပုံ-၁၅)
Referrals pack များမှာ အရေအတွက်အလိုက် ဈေးနှုန်းများကွဲပြားပါတယ် ။
လက်ရှိငွေနှင့် လုံလောက်သော referrals ၃ခုကို 0.6$နှင့်ဝယ်ပါမယ် ။ 3 ကိုရွေးလိုက်ပါမယ် ။

(ပုံ-၁၆) ဝယ်မှာကျိန်းသေတဲ့အတွက် YES ပါ ။

(ပုံ-၁၇က) ဝယ်ပြီးသွားပါပြီ ။ Referrals များကို ၇ရက်တွင် ၁ကြိမ်သာဝယ်ခွင့်ရှိပါတယ် ။ နောက်တပတ်မှ နောက်ထပ် Referrals များကိုထပ်မံဝယ်ယူပါမယ် ။ လောလောဆယ် ဝယ်ထားတဲ့ referralsတွေကို စီမံခန့်ခွဲဖို့သွားကြည့်ပါမယ် ။

(ပုံ-၁၇ခ) Referrals များကို စီမံခန့်ခွဲရန် My Account page တွင်ရှိသော Referrals menu အောက်မှ Rented ကိုနှိပ်လိုက်ပါ ။

(ပုံ-၁၈) ဝယ်ထားတဲ့ Referrals တွေကိုတွေ့ရပါပြီ ။ AutoPay မှာ Disabled ဖြစ်နေတဲ့အတွက် Enable ကိုနှိပ်ပေးရပါမယ် ။

(ပုံ-၁၉) AutoPay မှာ Enabled
ဖြစ်သွားတဲ့အခါ Referralsများ သက်တမ်းကုန်ဆုံးရှုံးခြင်းမှ
ကာကွယ်နိုင်ပါပြီ ။ တစ်ချို့က ချက်ချင်းအလုပ်လုပ်ပေမယ့် တစ်ချို့ကိုတော့
တပတ်လောက်အထိစောင့်ကြည့်ပေးရပါမယ် ။

(ပုံ-၂၀) Referralsတွေဟာ ခင်ဗျားကိုဝင်ငွေတိုးစေတဲ့ ကိုယ်စားကလစ်တွေပါ ။ ဂရုတစိုက် စောင့်ကြည့်ပေးဖို့လိုပါတယ် ။ Referrals တစ်ခုရဲ့ Avg. ဟာ ပျမ်းမျှ 2 (သို့) 2 နီးပါးလောက် ဖြစ်နေရပါမယ် ။ တကယ်လို့ active မဖြစ်တဲ့ Referralsများရှိရင် recycle လုပ်ခြင်းဖြင့် active ဖြစ်သော referral တစ်ခုရနိုင်ပါတယ် ။ recycleဈေးနှုန်းကတော့ တစ်ခုကို 0.07$ပါ
။ တစ်ခုချင်းကို အစိမ်းရောင်ကွင်းကိုနှိပ် ပြီး recycleလုပ်နိုင်သလို ၊
အများဖြင့်လုပ်လိုလျင် လေးထောင့်ကွင်းထဲမှာအမှတ်ခြစ်ပြီး ပေါ်လာတဲ့
drop-down menu မှလည်းလုပ်နိုင်ပါတယ် ။ active ဖြစ်တဲ့ referralsတွေကို
ထပ်မံသက်တမ်းတိုး ချင်ရင်လည်း ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ် ။
ဝင်ငွေကြမ်းတွက်ခြင်း

(ပုံ-၂၂)
Earnings calculatorတွင် down-arrowများကိုနှိပ်ကာ အမျိုးမျိုးပြောင်းပြီး
အနာဂတ်ဝင်ငွေ ခန့်မှန်းခြေကို တွက်ချက်နိုင်ပါတယ်။
Direct Referrals ရှာဖွေခြင်း

(ပုံ-၂၃) My Account page တွင်ရှိသော Your referral link ကိုနီးစပ်ရာမိတ်ဆွေများ ၊ မန်ဘာ ဖြစ်လိုသူများကို ထိုလင့်ခ်မှတဆင့် မန်ဘာဝင်စေခြင်းဖြင့် direct referralsရှာဖွေနိုင်ပါတယ် ။
ဝက်ဆိုဒ်ရှိသူများ (သို့) ဝက်ဆိုဒ်များတွင်ကြော်ငြာထည့်ပြီး ရှာချင်တယ်ဆိုရင်တော့ My Account > Global > Get Referrals ကိုနှိပ်လိုက်ပါ ။
ဝက်ဆိုဒ်ရှိသူများ (သို့) ဝက်ဆိုဒ်များတွင်ကြော်ငြာထည့်ပြီး ရှာချင်တယ်ဆိုရင်တော့ My Account > Global > Get Referrals ကိုနှိပ်လိုက်ပါ ။

(ပုံ-၂၄)
ခင်ဗျားရဲ့ ကိုယ်ပိုင်လင့်ခ်နှင့် Bannerများကိုတွေ့ရပါလိမ့်မယ် ။
မိမိရဲ့အမည်ကို မဖော်ပြချင်ဘူး ဆိုရင်တော့ Show my username as: မှာ
ကုတ်နံပါတ်အဖြစ်ပြောင်းလဲနိုင်ပါတယ် ။ တကယ်တော့ Direct referrals
ရှာဖွေခြင်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝပါ ။ သူ့အတွက် အခွင့်အရေးကို
ကိုယ်ကလမ်းညွှန်ပေးတာပါ ။ အဲဒီအတွက် ကိုယ်ကလည်း companyကပေးတဲ့
ရာခိုင်နှုန်းကို ခံစားရပါတယ် ။
အိုကေ .. နေ့စဉ်ကြော်ငြာကလစ်လိုက် ၊ Referrals ဝယ်လိုက် ၊ Direct referrals ရှာလိုက် ၊ ပွားများလာတဲ့ငွေတွေကိုစုထားလိုက်နှင့် … လုံလောက်တဲ့တစ်နေ့မှာ ကျွန်တော်တို့ဟာ Accountကို upgrade တစ်ဆင့်ချင်းလုပ်သွားပါမယ် ။

Account upgrade ပြုလုပ်ခြင်း

(ပုံ-၂၅) Account upgrade ပြုလုပ်လိုလျင် My Account page မှ Upgrade Account (သို့) Upgrade ပုံလေးကိုနှိပ်လိုက်ပါ ။

(ပုံ-၂၆)
probux မှာ Account အမျိုးအစား၃မျိုးရှိပါတယ် ။
ကွာခြားချက်အသေးစိတ်ကိုတော့ အဲဒီမှာပဲဝင်ဖတ်လိုက်ပါ ။ ကျွန်တော်တို့ဟာ
ပထမအဆင့်အနေနှင့် ဒေါ်လာ၈၀စုပြီး GOLDEN ကိုဝယ်ပါမယ် ။ ဒုတိယအဆင့်ကတော့ ဒေါ်လာ၇၉၀စုပြီး ULTIMATE
ကိုဝယ်ဖို့ပါပဲ ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ ။ Ultimate
တစ်ယောက်အနေနှင့် တလပျမ်းမျှဝင်ငွေဟာ ဒေါ်လာ၃၀၀ နှင့်အထက်ဖြစ်နေပါပြီ ။
အဲဒီအချိန်မှာ ဝင်ငွေတစ်ချို့ကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါပြီ ။ ဒီဝင်ငွေဟာ
ကျွန်တော်တို့ ကလစ်နေသမျှတသက်လုံးရသွားမယ့် ဝင်ငွေပဲဖြစ်ပါတယ်ခင်ဗျား ။ ။
ဒီလောက် ကျိန်းသေခိုင်မာတဲ့ ဝင်ငွေစီးကြောင်းကို တည်ဆောက်ချင်တယ်ဆိုရင်တော့
-
ဒီမှာအခုပဲ မန်ဘာဝင်လိုက်ပါတော့ဗျာ :P
ဒီမှာအခုပဲ မန်ဘာဝင်လိုက်ပါတော့ဗျာ :P
No comments:
Post a Comment