Friday, 22 August 2014

MyChat အခမဲ့ Messaging App



မြန်မာနိုင်ငံအတွက် သီးသန့် ထုတ်ပေးထားသော စတစ်ကာများဖြင့် အသုံးပြုနိုင်မည့် MyChat အခမဲ့ Messaging App အား သြဂုတ်လ ၂၇ ရက်တွင် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ Messaging App အား MySQUAR မှ ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး Android ဖုန်းနှင့် Tablet များ တွင်အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ဇာတ်ကောင်များဖြစ်သည့် ဦးရွှေရိုး၊ ဒေါ်မိုး၊ ဖိုးဝရုပ်၊ ဖိုးသာထူး စသည့် စတစ်ကာများ အချင်းချင်းပေးပို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ APP ကို Google Play, MyStore, One Mobile Market တို့တွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ကြောင်း MySQUAR ၏ CEO ဖြစ်သူ Linda Lim ကပြောသည်။  “App ကိုရယူပြီး အသုံးပြုဖို့ ဖွင့်လိုက်တာနဲ့ email, login ဝင်ဖို့ Password တွေ တောင်းမှာဖြစ်ပါတယ်။ အဲဒါတွေဖြည့်ပြီးတာနဲ့ အသုံးပြုနိုင်ပါပြီ။ အချင်းချင်း စကားပြော တာတို့၊ အဖွဲ့လိုက် စကားပြောတာတို့ စတစ်ကာလေးတွေ ပို့တာတို့ကို အသုံးပြုနိုင်မှာပါ” ဟု MySQUAR ၏ Chief Technology Officer ဖြစ်သူ David Rossellat ကပြောသည်။

No comments:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds
Related Posts Plugin for WordPress, Blogger...