Tuesday, 9 September 2014

Virtual Drive အသုံးပြုနည်း






ကျွန်တော် ဒီနေ့တော့ Virtual Drive အသုံးပြုနည်းလေး ရေးပေးသွားပါမယ် .. သုံးဖူးတဲ့ သူများလည်း သိရင်တော့ သိပါလိမ့်မယ် .. ဒီကောင်လေးကို ဘာအတွက် အသုံးပြုတာလည်း ဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကို အသုံးပြုပြီး မိမိတို့ စက်မှာ Software ကို အသုံးပြုမယ် ၊ Game ကစားမယ် ဆိုရင် CD Drive ထဲမှာ CD ခွေထည့်ထားမှ အဲ့ဒီ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. တကယ်လို့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကနေတစ်ဆင့် CD Drive ထဲမှာ CD ခွေကို အမြဲတမ်း ထည့်မထားပဲ အသုံးပြုချင်တယ် ဆိုရင် ကျွန်တော် အခုပြောတဲ့ Virtual Drive ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး  Software တွေ Game တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အနေနဲ့ CD ၊ DVD Drive အတု ဖန်တီးပြီး အသုံးပြုတဲ့ သဘောပဲ ဖြစ်ပါတယ် .. 

ကျွန်တော် VirtualDrive_Pro_14 ကို အသုံးပြုပြီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် .. အရင်ဆုံး ဒီကောင်လေးကို Full Version ဖြစ်အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို ရှင်းပြပေးပါမယ် .. ကျွန်တော် ဒီကောင်လေးကို Full Version ဖြစ်အောင် အသုံးပြုနိုင်ဖို့ အတွက် အထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့စက်မှာ VirtualDrive_Pro_14 ကို Install လုပ်လိုက်ပါ .. Install လုပ်နည်းကိုတော့ အားလုံးပဲ သိမယ်ထင်လို့ ကျွန်တော် ရေးမပေးတော့ပါဘူး .. Installation လုပ်ရင်းနဲ့ Serial Key တောင်းတဲ့ အခါမှာ အရင်ဆုံး ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင်အဲ့ဒီမှာ တွေ့တဲ့ Serial Key လေးကို ယူလိုက်ပါ ..
ပြီးရင် အပေါ်က ယူလာတဲ့ Serial Number ကို အောက်မှာ ပြန်ထည့်ပေးပါ .. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ထည့်ပေးပြီး ဆက်ပြီး Install လုပ်ပေးလိုက်ပါ ..

အပေါ်က အဆင့်တွေအတိုင်း Install လုပ်ပြီးသွားပြီဆိုရင်တော့ ဒီကောင်လေးကို အမြဲတမ်း သုံးလို့ရအောင် Active လုပ်ပေးဖို့ လိုပါလိမ့်မယ် .. အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Registration and Activation ကိုနှိပ်လိုက်ပါ ..



အောက်က ပုံအတိုင်း ပေးလာပြီ ဆိုရင် Other activation options ကို နှိပ်လိုက်ပါ ..


ပြီးရင် Keygen ကိုပြန်ပြီး ဖွင့်လိုက်ပါ .. ဒီနေရာမှာ တစ်ခု ပြောချင်တာက Active Code ကိုရဖို့ အတွက် Installation Code နေရမှာ Other activation options  ကိုနှိပ်လိုက်တဲ့ အခါမှာ ပေါ်လာတဲ့ Email Activation မှာရှိတဲ့ Mac Address ဆိုတာကို ကူးပြီး ထည့်ပေးရမှာ ဖြစ်ပါတယ် .. Serial Number နေရာမှာတော့ S/N ကို ကူးပြီး ထည့်ပေးရမှာ ဖြစ်ပါတယ် .. နှစ်ခုလုံး ကူးထည့်ပြီး သွားပြီ ဆိုရင် Activation ကို နှိပ်လိုက်ပါ .. ဒါဆိုရင် Active Code လေး ပေါ်လာပါလိမ့်မယ် ..


အပေါ်က ရလာတဲ့ Active Code လေးကို အောက်မှာ ပြထားတဲ့အတိုင်း ထည့်ပေးပြီး Activation Now ဆိုတာကို နှိပ်လိုက် ယုံပါပဲ ..


အပေါ်က အဆင့်တွေကတော့ ကျွန်တော်တို့ အသုံးပြုမဲ့ VirtualDrive_Pro_14  ကို Full Version ဖြစ်အောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. ဆက်ပြီးတော့ ဒီကောင်လေးကို ဘယ်လို အသုံးပြု ရမယ်ဆိုတာကို ဆက်ပြီး ရေးပေး သွားမှာ ဖြစ်ပါတယ် ..

ကျွန်တော် Windows ခွေနှစ်ခွေကို ဥပမာ ပြပြီး ရှင်းပြပေး သွားမှာ ဖြစ်ပါတယ် .. Software CD သုံးချင်တဲ့ သူတွေကတော့ အခုကျွန်တော် ပြတဲ့ နမူနာ အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..

အရင်ဆုံး VirtualDrive_Pro_14  ကို ဖွင့်လိုက်ပါ .. ပြီးသွားပြီ ဆိုရင် မိမိတို့  Virtual Drive ထဲမှာ ထည့်ပြီး သုံးချင်တဲ့ Software CD ကို ထည့်လိုက်ပါ .. ကျွန်တော်က တော့ Windows ခွေကို နမူနာ Virtual Drive ထဲကို ထည့်ပြမှာ ဖြစ်တဲ့ အတွက် Windows ခွေကို ထည့်လိုက်ပါတယ် .. ကျွန်တော် ထည့်လိုက်တဲ့ အခွေက Ubuntu Installation ခွေ ဖြစ်တဲ့ အတွက် အောက်က ပုံမှာ ပြထားသလို သွားပြီး ပေါ်နေပါတယ် .. ပုံမှာ ပြထားသလို Create ကို နှိပ်လိုက်ပါ ..


ကျွန်တော်တို့က CD ခွေကနေ Virtual CD လုပ်ပြီး အသုံးပြုမှာ ဖြစ်တဲ့ အတွက် အောက်ကပုံအတိုင်း သွားလိုက်ပါ ..
အောက်ကပုံ အတိုင်း ကျွန်တော်တို့ ကူးထည့်မဲ့ CD  အမျိုး အစားကို ပြပေး ပါလိမ့်မယ် .. Start ကို နှိပ်ပြီး စပြီး ကူးလိုက်ပါ ..

အောက်ပုံ အတိုင်း ကူးနေပါလိမ့်မယ် .. 100% ပြည့်တဲ့ အထိ စောင့်နေလိုက်ပါ ..

အောက်ကပုံအတိုင်း 100% ပြည့်သွားပြီ ဆိုရင်တော့ Finish ပေးလိုက်ပါ ...

Copy ကူးထည့်ပြီး သွားပြီ ဆိုရင်တော့ အောက်က ပြထားတဲ့ ပုံအတိုင်း ပေါ်နေပါလိမ့်မယ် .. ကျွန်တော်က အရင်ဆုံး Windows 7 CD ခွေ တစ်ခွေကို ကူးထည့်ထားတာ ဖြစ်တဲ့ အတွက် CD နှစ်ချက် ပေါ်နေတာ ဖြစ်ပါတယ် ..


ပြီးသွားပြီ ဆိုရင်တော့ မိမိတို့ အသုံး ပြုမဲ့ CD ကိုရွေးပါ ပြီး၇င် ပုံမှာ ပြထားတဲ့ အတိုင်း Insert လုပ်ပေးလိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ CD Drive မလိုတော့ပဲ မိမိတို့သုံးချင်တဲ့ Application တွေ Game တွေကို အသုံးပြုလို့ ရသွားပါပြီ ..


တကယ်လို့ ကျွန်တော်တို့က အခု သုံးနေတာကို မသုံးတော့ဘူး .. နောက်တစ်ခုကို ပြောင်းပြီး သုံးချင်တယ် ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း Virtual Drive မှာ ပေးနေတဲ့ ကောင်လေးကို ကလစ်ပေးပြီး Eject ပြန်လုပ် ပေးလိုက်ပါ ..  ပြီးရင် နောက်တစ်ခုကို ရွေးပြီး  Insert ပြန် လုပ်ပေး လိုက်ယုံပါပဲ ..


အောက်ကပုံ ကတော့ ဘယ် Drive မှ အသုံးမပြုပဲ NO Disc ဖြစ်နေတဲ့ ပုံလေးပဲ ဖြစ်ပါတယ် ..


အားလုံးပဲ ဒီလောက် ဆိုရင်တော့ Virtual Drive အသုံးပြုနည်းနဲ့ ပါတ်သတ်ပြီး တီးမိ ခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ် .. ကျွန်တော် အောက်မှာ VirtualDrive_Pro_14  ကို နှစ်ပိုင်း ခွဲ ပြီးတင်ပေး ထားပါတယ် .. နှစ်ပိုင်းလုံးကို ဒေါင်းလော့ ချပြီး အပိုင်း ( ၁ ) ကနေ စဖြည်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွား ပါလိမ့်မယ် ..


Download  From  Mediafire


http://www.mediafire.com/?fnyimbw7imxw53p
http://www.mediafire.com/?cfof8b2d0zyd3v8


Download  From   Sharebeast


http://www.sharebeast.com/bshdef85i3xp
http://www.sharebeast.com/ffk8u4u64l19

No comments:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds
Related Posts Plugin for WordPress, Blogger...